ကျွန်ုပ်တို့၏ Quotation

ကျွန်ုပ်တို့၏ Quotation

ဝန်ဆောင်မှုအမျိုးအစားများ Quotation အတိုင်းအတာများ(Kg, CBM) ခရီးပန်းတိုင်
ရေလမ်း ကုန်စုပို့ဆောင်ခြင်း (LCL) သာမန်ကုန် 2.5/KG 780/CBM ရန်ကုန်အရောက်
တန်ဖိုးရှိကုန် 4.5/KG 950/CBM
ထိရှလွယ်ကုန် ဓါတုကုန် ဘတ္ထရီ ဆိုလာ 5~7/KG 980~1,200/CBM
ကုန်းလမ်းကုန်စုပို့ဆောင်ခြင်း (LTL) သာမန်ကုန် 1.8~2.5/KG 550~650/CBM
အမြန်အချော သာမန်ကုန် 5~17/KG 1,800/CBM
လေကြောင်းလမ်း သာမန်ကုန် 48/KG
မှတ်ချက်-ကျွန်ုပ်တို့၏ Quotation သည် တရုတ်ဂိတ် မှ ရန်ကုန်ဂိတ်သို့သည် ပစ္စည်း၏အလေးချိန် ထုထည် အပေါ်မူတည်၍ ဈေးနှုန်းသတ်မှတ်ပေးပါသည်။

ရေကြောင်း (Sea Freight)

ကုန်အမျိုး အစားများ အလေးချိန်အတိုင်းအတာ ပစ္စည်းအလေးချိန်၏ ကျသင့်ငွေ ပစ္စည်းထုထည် ၏ကျသင့်ငွေ ခရီးပန်းတိုင်
သာမန်ကုန် 300 ~ 3,000kgs 5 1500 ရန်ကုန် အရောက်
1,001 ~ 4,000kgs 4.5 1200
4,001 ~ Upper kgs 3.5 1050
တန်ဖိုးရှိကုန် 300 ~ 3,000kgs 6 1800
Upper 3,001 kgs
5
1500
ထိရှလွယ်ကုန် ဓါတုကုန် ဘတ္ထရီ ဆိုလာ Upper 301kgs 5~7 1,500~2,100
မှတ်ချက် သုံးစွဲသူ၏ ကုန်များကို အနည်းဆုံး ၃၀၀ ကီလိုဂရမ်(အလေးချိန်/KG) သို့မဟုတ် ၁ ကုဗစင်တီမီတာ (ထုထည်/CBM) မှ စ၍သယ်ပေးပါသည်။
လူကြီးမင်းတို့၏ ကုန်တစ်ကြောင်းပို့လျှင် အနည်းဆုံး ယွမ် ၄၀၀ ကောက်ခံပါမည်။
ပစ္စည်းများ၏ အလေးချိန် ( Kg ) နှင့် ကုဗစင်တီမီတာ ( CBM ) အနက် အတိုင်းအတာ တစ်ခုဖြင့်သာ တွက်ယူမည်ဖြစ်သည်။

ကုန်းကြောင်း (Road Freight)

ကုန်အမျိုး အစားများ အလေးချိန်အတိုင်းအတာ ပစ္စည်းအလေးချိန်၏ ကျသင့်ငွေ ပစ္စည်းထုထည် ၏ကျသင့်ငွေ ခရီးပန်းတိုင်
ကုန်းလမ်း/ သာမန်ကုန် 300 ~ 2,000kgs 3 900 ရန်ကုန်အရောက်
2,001 ~ 5,000kgs 2.8~2.5 800
5,001 ~ 10,000kgs 1.8~2 750~650
ကုန်းလမ်း /တန်ဖိုးရှိကုန် 300 ~ 3,000kgs 5~8 1200~1,500
အမြန်အချောပို့/ သာမန်ကုန် 31~1,000kgs 15~17 1,800
Upper 1,001kgs 8~10 1,500
အမြန်အချောပို့/ တန်ဖိုးရှိကုန် Upper 31kgs 20~25 2,000
မှတ်ချက် အမြန်အချောပို့နှင့်အသုံးပြုသော လူကြီးမင်းတို့၏ ကုန်တစ်ကြောင်းပို့လျှင် အနည်းဆုံး ယွမ် ၂၅၀ ကောက်ခံပါမည်။
ကုန်းလမ်းကြောင်းနှင့်သုံးစွဲသူ၏ ကုန်များကို အနည်းဆုံး ၁၀၀ ကီလိုဂရမ် (အလေးချိန် /KG) သို့မဟုတ် ၀.၃၄ ကုဗစင်တီမီတာ (ထုထည်/CBM) မှ စ၍သယ်ပေးပါသည်။
တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်းများကို ပို့ဆောင်ချင်သော ကုန်သည်များကို အမြန်ချောပို့ဖြင့် သာ စီစဉ်ပေး၍ တန်ချိန်များသော ၊ အလေးချိန်များသော ကုန်ပစ္စည်းများကို ပို့ဆောင်ချင် သော ကုန်သည်များအတွက် ကုန်းလမ်းကြောင်းဖြင့် စီစဉ်ပေးသည်။

လေကြောင်းလမ်း (Air Freight) Quotation

ကုန်အမျိုး အစားများ အလေးချိန်အတိုင်းအတာ ပစ္စည်းအလေးချိန်၏ ကျသင့်ငွေ ပစ္စည်းထုထည် ၏ကျသင့်ငွေ ခရီးပန်းတိုင်
သာမန်ကုန် Upper 5kgs 48 ရန်ကုန်အရောက်
တန်ဖိုးရှိကုန် Upper 5kgs 58
မှတ်ချက် လေကြောင်းလမ်းနှင့်သယ်ယူပို့ဆောင်ပါက လူကြီးမင်းတို့၏ ကုန်တစ်ကြောင်းပို့လျှင် အနည်းဆုံး ယွမ် ၃၅၀ ကောက်ခံပါမည်။
သတ်မှတ်ထားသော 1 CBM = 200 ~220 Kg တွင်တရုတ်ပြည်ဘက်မှ ကုန်ကျစရိတ်များ အကုန်အပြီးအစီးဖြစ်ပါသည်။

စည်းကမ်းနှင့်သတ်မှတ်ချက်များ

(၁)ငွေပေးချေမှုနည်းလမ်း 

- အိမ်အရောက်ငွေချေစနစ်

- တန်ဖိုးများသော ကုန်များအတွက် အကောက်အခွန်များသည် ထပ်မံပေးဆောင်ရမည်ဖြစ်သည်။

-

(၂)ပေးချေနိုင်သောငွေကြေးအမျိုးအစား

- တရုတ်ငွေ (ယွမ်) သို့မဟုတ် မြန်မာငွေ (ကျပ်) 

- ငွေပေးချေမှုနှုန်းထားသည် ပေးချေသည့် ရက်စွဲအပေါ်တွင် ဖြစ်ပေါ်နေသည့် နှုန်းထားဖြင့်သာ တွက်ယူမည်ဖြစ်သည်။

 

(၃)အရေးကြီးသောကုန်ပစ္စည်းများအတွက် အကောက်ခွန်ပေးဆောင်ခြင်း ဝန်ဆောင်မှု

- လူကြီးမင်းတို့၏ အရေးကြီးသော ကုန်ပစ္စည်းများကို အကောက်ခွန်ဆောင်ပေးရန်အတွက် ပစ္စည်းများ မတင်မှီ အချိန်မှီ ပစ္စည်းစာရင်း ပေးပါရန်

- လူကြီးမင်းတို့၏ အရေးကြီးသော ကုန်ပစ္စည်းများကို အကောက်ခွန်ဆောင်ပေးရန်အတွက် ကျွန်ုပ်တို့ ဘက်မှ ကြိုတင် စီမံခန့်ခွဲရမည်ဖြစ်သောကြောင့် လိုအပ်သော စာရွက်စာတမ်းများနှင့် တင်ပို့လိုသော ပစ္စည်းများကို ကြိုတင်အသိပေးပါရန်

- မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ အကောက်ခွန်ဆောင်ရန်အတွက် လူကြီးမင်းတို့၏ ကုမ္ပဏီဘက်မှ သက်ဆိုင်ရာ အရေးကြီးသော  ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှု စာရင်း မူရင်းကို ဂိုဒေါင်သို့ မရောက်မှီ ပို့ဆောင်ပေးပါရန်

 

(၄)အာမခံဝန်ဆောင်မှု

- အဝယ်တော်နှင့် ဝယ်ယူသော ကုန်ပစ္စည်းများအတွက် ဝန်ဆောင်ခမကောက်ခံပါ

- ကုန်သည်ကြီးများအတွက် ကုန်သည်ကြီးများမှတောင်းဆိုသောအခါ အာမခံဝန်ဆောင်မှုကို စီစဉ်ပေးပါသည်။

 

(၅)လျော်ကြေးပေးဆောင်ခြင်း

- ကျွန်ုပ်တို့၏ အမှားကြောင့် ပျက်စီးဆုံးရှုံးလာသော ကုန်ပစ္စည်းများအားလုံးအတွက် အလျော်ပေး ဆောင်မည်ဖြစ်သည်။

- လူကြီးမင်းတို့၏ ကုန်ပစ္စည်းများကို တာသော်လည်းကောင်း၊ ဖာသော်လည်းကောင်း ထုပ်ပိုးမှုကို သေချာ စည်းစနစ်ကျစွာ ထုတ်ပိုးပေးရန်လိုအပ်သည်။

- လူကြီးမင်းတို့၏ ထုပ်ပိုးမှုပေါ့လျော့မှုကြောင့် ဖြစ်ပေါ်လာသော ပစ္စည်း၏ ပျက်စီးဆုံးရှုံးမှု ထိခိုက်မှုများကို လျော်ပေးမည်မဟုတ်ပါ။

- သာမန်ကုန်များအတွက် အလျော်ပေးမှုသည် သယ်ယူစရိတ်၏ ၅ ဆ ဖြစ်သည်။

- တန်ဖိုးရှိကုန်များ၏ အလျော်ပေးမှုသည် သယ်ယူစရိတ်၏ ၃ ဆ ဖြစ်သည်။

- သို့ရာတွင် အများဆုံး ယွမ် ၅၀၀၀ သာ လျော်ပေးမည်ဖြစ်သည်။

(၁)အာမခံ

- လူကြီးမင်းတို့ဘက်မှ တန်ဖိုးကြီး ကုန်ပစ္စည်းများအတွက် လိုအပ်ခြင်း ရှိ/မရှိကို စာဖြင့်ရေးသား အတည်ပြုရန်

- ကျွန်ုပ်တို့ကုမ္ပဏီဘက်မှ လူကြီးမင်းတို့၏ကိုယ်စား အာမခံ ရယူရန် တာဝန်မရှိပါ

- အာမခံနှင့် ကိစ္စရပ်တိုင်းတွင် လူကြီးမင်းတို့သည် တောင်းဆိုထားသော အာမခံ ဝယ်ယူမှုနှင့် စပ်လျဉ်း၍ သယ်ယူစရိတ်မှအပ ပရီမီယံကုန်ကျစရိတ်နှင့် အပိုကုန်ကျစရိတ်များကို ပေးဆောင်ရမည် ဖြစ်သည်။

- ဝယ်ယူထားသောအာမခံ၏ အကျုံးဝင်မှုသည် လူကြီးမင်းတို့ပို့ဆောင်လိုသော ကုန်ပစ္စည်းများနှင့် လမ်းကြောင်းအခြေအနေအရပ်ရပ်အားလုံးများကို အကျုံးဝင်လျက်ရှိသည်။

- “TOTAL LOSS” အမျိုးအစားဖြစ်သော အာမခံဝန်ဆောင်မှုသည် ကုမ္ပဏီဘက်မှ ထုတ်ပိုးမှုနှင့် သယ်ယူစရိတ် များပါဝင်သည်။

- ဝယ်ယူထားသော အာမခံဝန်ဆောင်မှု၏ သတ်မှတ်ချက် အလေးချိန်နှင့် ထုထည်ပမာဏကိုသာ ကုမ္ပဏီဘက်မှ တာဝန်ယူ အာမခံမှုအပြည့် ဝန်ဆောင်ပေးမည်ဖြစ်သည်။

- သတ်မှတ်ချက်ကျော်လွန်၍ သယ်ယူလိုသော အလေးချိန်နှင့်ထုထည်ပမာဏကို ကုမ္ပဏီဘက်မှ တာဝန်ယူ အာမခံပေးမည်မဟုတ်ပေ။

 

(၂)ကြန့်ကြာစေသော ပို့ဆောင်မှု၏အခြေအနေများကိုအသိပေးခြင်း

- သဘာဝဘေးအန္တာရာယ်နှင့် ဖြစ်ပေါ်လာသော သမာရိုးကျမဟုတ်သည့် အခက်အခဲများအတွက် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုနှင့်အချိန်ကြန့်ကြာမှုများကို ၂၄ နာရီအတွင်း မိမိတို့ ကုမ္ပဏီဘက်မှ ဖုန်းဆက်၍ သော်လည်းကောင်း ၊ သက်ဆိုင်ရာ အဖွဲ့ ကိုယ်စားလှယ်များမှ စာဖြင့်သော်လည်းကောင်း အသိပေးအကြောင်းကြားမည်ဖြစ်ပါသည်။

- ကျွန်ုပ်တို့ကုမ္ပဏီဘက်မှ လူကြီးမင်းတို့၏ အခက်အခက်များကို ဆွေးနွေး၍ သင့်လျော်သော အကျိုးအကြောင်း စီလျော်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

- အခက်အခဲများတွင် အခွန်ဆောင်ရာ၌ ဖြစ်ပေါ်သော ကြန့်ကြာမှုများနှင့် အကောက်ခွန်အရာရှိများမှ စစ်ဆေးရန်ပစ္စည်းအား ယူဆောင်ခြင်းများအတွက် ကုမ္ပဏီမှ အကြောင်းကြားမည်ဖြစ်သော်လည်း တာဝန်ယူပေးမည် မဟုတ်ပါ။

 

(၃)ဘောင်ချာစာရင်းဖွင့်ခြင်းလုပ်ငန်းစဉ်

- သက်ဆိုင်ရာ ငွေစာရင်းကိုင်များမှ ဘောင်ချာများကို အီးမေးဖြင့်သော်လည်းကောင်း၊ ပုံမှန် စာရင်းဖြင့် သော်လည်းကောင်းဖွင့်ပေးမည်ဖြစ်ပါသည်။

- ဘောင်ချာဖွင့်ပေးရာတွင် လူကြီးမင်း၏ တောင်းဆိုမှုကြောင့်သော်လည်းကောင်း၊ ငွေဈေးအတက် အကျ တည်ငြိမ်မှု မရှိသောအခါ၌ လည်းကောင်း တရုတ်ပြည်သို့ ကုန်ပစ္စည်းရောက်သောအခါ၌ ဘောင်ချာဖွင့်ပေးပါသည်။

 

(၄)Quotation 

- ကျွန်ုပ်တို့၏ Quotation သည် လူကြီးမင်းတို့ဘက်မှအသုံးပြုသော လမ်းကြောင်း အခြေအနေနှင့် လူကြီးမင်းတို့၏ ကုန်ပစ္စည်းအနည်းအများ၊ အကြီးအသေးပေါ်မူတည်၍ စံချိန်စံညွှန်း သတ်မှတ် ချက်ကွာခြားနိုင်သည်။

 

(၅)ဝန်ခံချက်

- ကျွန်ုပ်တို့ ထွဋ်ထိပ်စံ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးကုမ္ပဏီသည် အထက်ဖော်ပြပါ စည်းမျဉ်း စည်းကမ်းများနှင့်သတ်မှတ်ချက်များကို လက်ဝယ်ကိုင်ဆောင်ထားကြောင်း ကတိပြုဝန်ခံအပ်ပါသည်။